ဝက်ခြံတွေပျောက်ဖို့ ရှားစောင်းလက်ပက် ကို ဘယ်လိုသုံးရမလဲ
![Image](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghTlcM0nJzCxOSCOcgS0tj90aZJ8YrdYdWFav3XV0bROfdwPHGoUTbCBkoa6iTYabxswXOV8x7xMyla81UdwDiEUsQ81X5ZtZ6Y6_ru1w8wjPmKzzvDUH1CF5R7-lhyphenhyphen6ha0gvG4VN81_GE/s320/3.jpg)
ဝက်ခြံတွေပျောက်ဖို့ ရှားစောင်းလက်ပက်ကို ဘယ်လိုသုံးရမလဲ ဆိုတာ ပြောပြချင်ပါတယ်။ ဝက်ခြံဆိုတာ ချွေးပေါက်တွေမှာ အဆီပိုတွေ၊ ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားတွေ ပိတ်ဆို့နေခြင်းကြောင့် အဖြစ်များတဲ့ အရည်ပြား ပြဿနာတစ်ခုပါ။ မျက်နှာ၊ ရင်ဘတ်နဲ့ ကျောမှာ နီရဲနေတဲ့ ဝက်ခြံတွေပုံစံမျိုး ပေါက်လေ့ရှိပါတယ်။ ရှားစောင်းလက်ပတ်ဟာ ဝက်ခြံတွေအတွက် လူကြိုက်များဆုံးနဲ့ ရှေးအကျဆုံးဆေးတစ်မျိုးပါပဲ။ သူက ဝက်ခြံကိုကုသပေးရုံမကဘဲ အပူလောင်တာ ၊ နေလောင်တာစတာတွေကို ကုသပေးနိုင်ပြီး ၊ အသေးစားထိခိုက်ဒဏ်ရာရရှိမှုတွေကိုပါ သက်သာပျောက်ကင်း စေနိုင်ပါတယ်။ သူဟာ cactus-like မျိုးနွယ်ထဲကအပင်တစ်မျိုးဖြစ်ပြီး သူ့အရွက်မှာ ကြည်လင်စေးပျစ်တဲ့အနှစ်တွေပါပါတယ်။ ဒီအနှစ်တွေကို ဒဏ်ရာရှိတဲ့နေရာတွေမှာလိမ်းပေးခြင်းအားဖြင့် အရည်ပြားပြဿနာတွေကို ပိုမိုလျင်မြန်စွာ ပျောက်ကင်းစေနိုင်ပါတယ်။ ရှားစောင်းလက်ပက်မှာ anti-bacterial, anti-inflammatory, astringent, pain inhibitor (နာကျင်မှုကိုလျှော့ချပေးသော) စတဲ့ ဂုဏ်သတ္တိတွေအပြင် အမာရွတ်ကိုလျှော့ချပေးပြီး ဆဲလ်တွေရဲ့ကြီးထွားမှုကိုအားပေးကာ ဝက်ခြံကို သဘာဝကျပြီး ထိရောက်မှုရှိရှိ ပျောက်ကင်းစေနိုင်တဲ့ coagulating agent တွေလည်းပါဝ